သုတေသနဆိုင်ရာ အခြေခံသဘောတရားများ [Fundamental Of Research]

15 Students enrolled
0
0 reviews
  • Description
  • Curriculum
သုတေသနဆိုင်ရာ အခြေခံသဘောတရားများ

သင်တန်းအကြောင်းရာနှင့် အကျဉ်းချုပ်

 The Tea Leaf Center မှ ပို့ချပေးတဲ့ “သုတေသနပြုလုပ်ခြင်းဆိုင်ရာ အခြေခံများ” ဆိုတဲ့ သင်တန်းမှ ကြိုဆိုပါရစေ။

 

ဒီသင်တန်းက သုတေသနလုပ်ငန်းစဉ်ကို ပိုမိုနားလည်လိုတဲ့ ကျောင်းသူ/သားများနဲ့ အခြား ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ ဒီသင်တန်းက သုတေသနလုပ်ငန်းများ ပိုမိုပြုလုပ်လိုသော အဖွဲ့အစည်းတစ်ခု သို့မဟုတ် တစ်ဦးတစ်ယောက်က မိမိရဲ့လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု တိုးတတ်ရန်အတွက် သုတေသနပြုလုပ်ခြင်းဆိုင်ရာ အရည်အချင်းများမြှင့်တင်လိုသူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ထို့အပြင် ဒီသင်တန်းက သုတေသနစီမံကိန်းတွေမှာ ပါဝင်လုပ်ကိုင်နေပြီး သုတေသနစီမံကိန်းတွေရဲ့ သဘောသဘာဝများကို အကျယ်တဝင့်နားလည်လိုတဲ့ သူတွေအတွက်လည်း အသုံးဝင်ပါတယ်။ ဆိုလိုတာက သုတေသနစီမံကိန်းတစ်ခုခုမှာ ပါဝင်နေသူ၊ သုတေသနတွေအတွက် ဘာသာပြန်အဖြစ် လုပ်ကိုင်နေသူ သို့မဟုတ် သုတေသီများကို အခြားဝန်ဆောင်မှု ပေးနေသူများကို ဆိုလိုပါတယ်။

ဒီသင်တန်းက သုတေသနအကြောင်းကို မိတ်ဆက်ယုံအဖြစ်သာ ရည်ရွယ်တယ်။ ဒါကြောင့် သုတေသနစီမံကိန်းတစ်ခုကို ဘယ်လို ဒီဇိုင်းရေးဆွဲရမလဲ၊ ပြီးတော့ ဘယ်လို ဦးဆောင်ရမလဲဆိုတာမျိုးကို သင်ကြားပေးဖို့ အချိန်မလုံလောက်ပါ။ သို့သော် ဤသင်တန်းမှာ သုတေသနပြုလုပ်ခြင်းနဲ့ ပတ်သက်တဲ့အခြေခံဗဟုသုတများကို သင်ယူရပါလိမ့်မယ်။ ထို့အပြင် နောင်တစ်ချိန်မှာ သုတေသနစီမံကိန်းတစ်ခုခုမှာ ပါ၀င်နိုင်ဖို့၊ ဖတ်ရှုတဲ့ သုတေသနစာတမ်းများကို နားလည်ဖို့နှင့် မိမိရဲ့ ကိုယ်ပိုင်သုတေသနလုပ်ငန်းများကို ဦးဆောင်နိုင်ဖို့ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။ မိမိဘာသာ ဆက်လက်ပြီးလေ့လာနိုင်ဖို့အတွက် ကျွန်ုပ်တို့ The Tea Leaf Centerမှ လိုအပ်တဲ့ အရင်းအမြစ်များလည်း ပံ့ပိုးပေးထားပါတယ်။ နားလည်မှုဆိုင်ရာ စွမ်းရည်စစ်ဆေးခြင်းနှင့် အချင်းချင်း ဆွေးနွေးနိုင်ရန် မေးခွန်းများ၊ ဆွေးနွေးဖို့အကြောင်းအရာများကို သင်ခန်းစာတစ်ခုချင်းစီတိုင်းရဲ့အဆုံးမှာ ထည့်ပေးထားပါတယ်။

 

သင်ရိုး ၁။ သုတေသနတစ်ခုအပေါ် နားလည်ခြင်းနှင့် ပြင်ဆင်ခြင်း

ဤသင်ခန်းစာတွင် သုတေသနနှင့် သက်ဆိုင်တဲ့ အဓိက သဘောတရားများနှင့် ဝေါဟာရအသုံးအနှုန်းများ ခြုံငုံသုံးသပ်ခြင်း၊ သုတေသနကျင့်ဝတ်များ ထည့်သွင်းစဉ်းစားခြင်းနှင့် သုတေသနတွင် ဖြစ်ပေါ်တတ်တဲ့ ဘေးအန္တရာယ်များလျှော့ချခြင်းနှင့် သတင်းအချက်အလက် သိနားလည်မှုပညာ (Data Literacy) များ စသည်တို့ပါ၀င်ပါတယ်။  ဤသင်ရိုး(၁)သည် နောက်လာမည့် သင်ရိုးမှသင်ခန်းစာများကို နားလည်ရန်အတွက် သုတေသနဆိုင်ရာ အခြေခံသဘောတရားများ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး ကျောင်းသားများ နောက်ပိုင်းကြုံလာနိုင်တဲ့ သုတေသနလုပ်ငန်းများ၊ အစီရင်ခံစာများနှင့် ဒေတာအချက်အလက်များကိုပါ နားလည်ပြီး ဆန်းစစ်ဝေဖန်တတ်ဖို့ ကူညီပေးလိမ့်မည်။

ဤသင်ရိုး (၁) တွင် အောက်ပါအကြောင်းအရာများပါဝင်ပါတယ်။

  • သုတေသန၊ သုတေသနလုပ်ငန်းစဉ်နှင့် အသုံးအနှုန်းများ မိတ်ဆက်
  • သုတေသနဆိုင်ရာ မေးခွန်းများရွေးချယ်ခြင်းနှင့် သုတေသနစာတမ်းစာစောင်များကို ဆန်းစစ်သုံးသပ်ခြင်း
  • သုတေသနကျင့်ဝတ် (အခြေခံမူများ၊ သဘောတူညီမှု ရယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက် အလက်များ လျှို့ဝှက်ပေးထားခြင်း) နှင့် ဘေးအန္တရာယ်လျှော့ချရေး
  • သတင်းအချက်အလက် သိနားလည်မှုပညာ

 

သင်ရိုး ၂။ သုတေသနဒီဇိုင်းနှင့် အချက်အလက်ဒေတာ စုဆောင်းခြင်း

ဤသင်ရိုးမှာ သုတေသနစီမံကိန်းတစ်ခုဒီဇိုင်းဆွဲခြင်းနှင့် အချက်အလက်ဒေတာစုဆောင်းခြင်းကို ပိုမိုအလေးထားတဲ့ သင်ခန်းစာလေးခု ပါဝင်ပါတယ်။  သင်ခန်းစာတစ်ခုစီတွင် အရည်အသွေးနှင့်အရေအတွက်နည်းလမ်းများနှင့်ဆိုင်တဲ့ သတင်းအချက်အလက်များနှင့် ဥပမာများ ပါဝင်ပါသည်။ ဘာသာရပ်များကို အကျယ်တဝင့် မပို့ချထားသော်လည်း ဤသင်ရိုးက သုတေသနစီမံကိန်းကြီးများတွင် ဝါရင့်သုတေသီများဦးဆောင်တဲ့ သုတေသနအဖွဲ့တွေမှာ တစ်ထောင့်တစ်နေရာမှ အဖွဲ့အဝင်အနေနဲ့ ပါ၀င်နိုင်ဖို့နှင့် အခြေခံ သုတေသနစီမံကိန်းဒီဇိုင်းရေးဆွဲနိုင်ရန်  ကျောင်းသူ/သားများကို ပြင်ဆင်ပေးလိမ့်မည်။ ဤသင်ရိုးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။

  • အရည်အသွေး အရေအတွက်နှင့် ဆိုင်တဲ့ သုတေသနနည်းလမ်းများ
  • သုတေသန ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ Tools များ
  • နမူနာပုံစံ ချမှတ်ခြင်းနှင့် ပါဝင်မယ့်သူများကို ရွေးချယ်ခြင်း
  • အင်တာဗျူး စွမ်းရည်

 

သင်ရိုး  ၃။ သုတေသနရလဒ်များကို သုံးသပ်ခြင်းနှင့်ရေးသားခြင်း

 

ဒီနောက်ဆုံးသင်ရိုးမှာတော့ အရည်အသွေးဗဟိုပြုနှင့် အရေအတွက်ဗဟိုပြု သုတေသနများကို  ဘယ်လိုသုံးသပ်ရမလဲ၊ ရှုထောင့်ပေါင်းစုံမှ ဘယ်လိုကြည့်မလဲ နှင့် သုတေတနရဲ့ တွေ့ရှိချက်တွေကို ခိုင်မာကြောင်း ဘယ်လိုပြမလဲဆိုတာများကို မိတ်ဆက်ပေးမယ် ဖြစ်ပါတယ်။ အထက်ပါလုပ်ငန်းများနဲ့ သက်ဆိုင်တဲ့အခြေခံမူများနှင့် လုပ်ငန်းစဥ်များကို ကျောင်းသားများရဲ့အတွေ့အကြုံနဲ့ နီးစပ်တဲ့ဥပမာများပေးပြီး သရုပ်ဖော်မိတ်ဆက်ပေးသွားပါမယ်။ ဤသင်ရိုး၏ နောက်ဆုံးအခန်းမှာ အချက်အလက်ဒေတာများကို သိသာမြင်သာအောင် စဥ်းစားပုံ၊ စုစည်းပုံ၊ ရေးသားပုံ စသည်တို့အပါအဝင် သုတေသနရလဒ်များကို တင်ပြပုံခြင်းဆိုင်ရာ အဓိကအကြောင်းရင်းများကို လွှမ်းခြုံပြီး ပို့ချပေးသွားမှာဖြစ်ပါတယ်။

  • အရည်အသွေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း
  • အရေအတွက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း
  • ဒေတာ ဆန်းစစ်ခြင်း၊ ခိုင်မာအောင် ပြုလုပ်ခြင်းနှင့် ရှုထောင့်ပေါင်းစုံမှ ကြည့်ခြင်း
  • သုတေသနရလဒ်များတင်ပြခြင်း၊သုတေသနအစီရင်ခံစာများနှင့် အချက်အလက်များမြင်သာအောင် ပုံဖော်ခြင်း

 

သင်ရိုး ၁
သင်ခန်းစာ (၃) သုတေသနဆိုင်ရာ ကျင့်ဝတ်များ− အခြေခံမူများ သဘောတူညီမှုရယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ လျှို့ဝှက်ပေးထားခြင်းနှင့် ဘေးအန္တရာယ်လျှောချရေး
သင်ရိုး ၂
သင်ရိုး ၃
Share
Course details
Lectures 12
Assignments 12
Quizzes 12

Working hours

Monday 9:00 am - 5.00 pm
Tuesday 9:00 am - 5.00 pm
Wednesday work from home
Thursday 9:00 am - 5.00 pm
Friday work from home
Saturday Closed
Sunday Closed

Layer 1
Login Categories